www.etelegram.net.mm Announcements | Download Fonts | Help | Contact | (0 - Kyats left) |Login  
     
 

သင်ဝယ်ယူထားသော Prepaid Card မှ
Username နှင့် Password ကို
ရိုက်ထည့်အသုံးပြုပါ

username
Password  

ကြေညာချက်များ

e-Telegram Online User Prepaid card သုံးစွဲနည်းလမ်းညွှန်
Prepaid Card ဝယ်ယူသုံးစွဲသူသည်- - www.etelegram.net.mm website တွင် မိမိ ၀ယ်ယူထားသည့် Prepaid Card မှ User Name နှင့် Password ကိုရိုက်ထည့်၍ မည် သည့် နေရာ မည်သည့်အချိန် မဆို log in ၀င်ရောက် နိုင် ပါသည်။ - ကြေးနန်းစာအသစ်ရိုက်ရန်ပုံစံ folder တွင် prepaid card ဝယ်ယူသုံးစွဲသူအချင်းချင်း ရိုက် ကြား နိုင်သည့် ကြေးနန်းပုံစံကို ရွေးချယ်ရန်နှင့် လိပ်စာရှင် ထံသို့ကြေးနန်းပို့နိုင်သည့် ကြေးနန်းပုံစံ ကို ရွေးချယ် ရန် LINK နှစ်ခုရှိ ပါသည်။ (က) Prepaid Card ဝယ်ယူသုံးစွဲသူအချင်းချင်း ကြေးနန်းရိုက်ကြားခြင်း - online card user အချင်းချင်းကြေးနန်း ပေးပို့ ရန်ပထမlinkကိုclick နှိပ်၍ ရွေးချယ်ရပါ မည်။ - check box ကို click ပေး၍ မိမိပေးပို့လိုသည့်ID နံပါတ် ကို ရိုက် ထည့် ပြီးSearch ကိုနှိပ်ရပါမည်။ - ရိုက်ကြားလိုသည့်အကြောင်းအရာကို မြန်မာ/ အင်္ဂလိပ်နှစ်ဘာသာဖြင့်ရောနှော၍လည်းကောင်း ၊တစ်ဘာသာချင်းသော်လည်းကောင်း စာလုံး ရေ (၅၀၀) အထိရိုက် ကြားနိုင်ပါသည်။ - zawgyi-one font ကိုအသုံးပြုရန်ဖြစ်ပြီး ယင်း font မရှိပါက web site ၏ ပထမစာ မျက်နှာ Home Page တွင်အလွယ်တကူ down load ဆွဲချနိုင်ပါသည်။ - ပြင်ဆင်ထားသောစာကို Sendပြုလုပ်ပြီးပါကအ ထွက်ကြေးနန်းစာများ Folderတွင်ဖော်ပြပေးပါမည်။ - တစ်ဖက်မှယင်းစာကို ဖတ်ပြီးပါက ဖတ်ရှုသည့် နေ့ရက်၊အချိန်ကို နောက်တစ်ဖန် log in ဝင် ရောက်သည့်အခါသက်ဆိုင်ရာ စာတိုင်တွင်တွေ့ နိုင်မည်ဖြစ်သည်။ - ချက်ချင်းမပေးပို့လိုသေးပါက Save လုပ်၍ သိမ်း ဆည်း ထားနိုင်ပါသည်။ သိမ်းထားသော ကြေးနန်းကို တစ်ဖန် click နှိပ်၍ send လုပ် နိုင်ပါသည်။ (ခ) ကတ်သုံးစွဲသူမှ လိပ်စာရှင်ထံ ကြေးနန်း ရိုက်ကြားခြင်း - မိမိပေးပို့လိုသောလိပ်စာရှင်သည်ကတ်ဝယ်ယူသုံးစွဲ သူမဟုတ်ပါကကြေးနန်းရုံးမှအိမ်တိုင်ယာ ရောက် ပေးဝေမည်ဖြစ်ပါသည်။ ယင်းကြေးနန်းစာကို ပြင် ဆင်ရန် ဒုတိယ link ကိုclick နှိပ်၍ ရွေးချယ် ရပါမည်။ - အမည်၊ လိပ်စာ တို့ကိုမှန်ကန် စွာရိုက်ထည့်ပြီးလျင် add ခလုတ် ကိုနှိပ်ရပါ မည်။ လိပ်စာသည် တစ်ခုထက်ပိုမိုသော multiple addressဖြစ်ပါကထပ်မံရိုက်ထည့်လျက်add ခလုတ် ကိုနှိပ်ရမည်ဖြစ်ပြီး မှားယွင်း ရိုက်နှိပ်မိပါက Cancel ခလုတ် ကိုနှိပ်ရပါမည်။ - လိပ်စာရှင်ရှိရာမြို.သည် အမည်တူရှိပါက ပြည်နယ် / တိုင်း/ ခရိုင် ခွဲခြားဖော်ပြပေးရန် လိုအပ်ပါသည်။ - လိပ်စာရှင်က မိမိထံ ကြေးနန်းပြန်ကြားစေလိုလျင် ကြေးနန်းခကိုတင်ကြိုပေးနိုင်ပါသည်။ - ယင်းကြေးနန်းများကို မြန်မာ့ဆက်သွယ်ရေး ဝန်ထမ်းများက ဆက်လက်၍ အိမ်တိုင်ယာ ရောက် ပေးဝေမည်ဖြစ်ပြီး ပေးဝေမှု အခြေအနေ များကို အောက်ပါ status(၃)ခုဖြင့်ခွဲခြား ဖော်ပြ ပေး ပါမည်- (၁) on the way (လက်အောက်ခံ ကြေးနန်းရုံး သို့ ဆက်လက်ပေးဝေနေဆဲ) (၂) finish(ပေးဝေပြီးသည့်နေ့စွဲ၊အချိန်နှင့် တကွ ဖော်ပြထားမည်။) (၃) non delivery(လိပ်စာရှင်ရှာမရ၊ပေးဝေမရ) သိမှတ်ဖွယ်အချက်များ - ကြေးနန်းတစ်စောင် ပေးပို့လျင် ကျပ်၃၀၀နှုန်း ကောက်ခံမည်ဖြစ်ပါသည်။ ကတ်၏သက်တမ်း မှာ Log in ၀င်သည့်နေ့မှစ၍(၁)နှစ်ဖြစ်ပြီး ယင်းကာ လအတွင်း(၃၃)ကြိမ်အထိ ပေးပို့နိုင်ပါသည်။ - မိမိကတ်၏ လက်ကျန်ငွေကို ချက်ချင်းသိရှိနိုင် ပါသည်။ - ကြေးနန်းရုံးအသီးသီးမှလည်း Prepaid ကတ် ကိုင်ဆောင်သူထံ ကြေးနန်းပေးပို.နိုင်သဖြင့် ပြည် တွင်း/ ပြည်ပ မည်သည့်နေရာပင်ရှိစေ ဖတ်ရှု နိုင် မည်ဖြစ် ပါသည်။