www.etelegram.net.mm Announcements | Download Fonts | Help | Contact | (0 - Kyats left) |Login  
     
 

သင်ဝယ်ယူထားသော Prepaid Card မှ
Username နှင့် Password ကို
ရိုက်ထည့်အသုံးပြုပါ

username
Password  

Terms & Conditions

Online User များ အနေဖြင့် (တန်ဘိုးအလိုက်) Prepaid Card ဝယ်ယူသုံးစွဲရမည် ဖြစ်ပြီး၎င်း Prepaid Card တွင် သုံးစွဲသူ၏ User Name နှင့် Password များကို လုံခြုံစိတ်ချစွာ အသုံးပြု နိုင်အောင် လျှို့ဝှက်စွာ စီစဉ်ထားရှိ ပေးမည် ဖြစ်ပါသည်။

ကြေးနန်းစာတစ်စောင်၏ တန်ဘိုးမှာ ကျပ် ၃ဝဝ ဖြစ်ပါသည်။

ကြေးနန်းပေးပို့သည့်အခါ အင်္ဂလိပ်/မြန်မာ နှစ်ဘာသာဖြင့်သာ ရေးသားရိုက်ကြားရမည် ဖြစ်ပါသည်။ ချွင်းချက်အနေဖြင့် ဘဏ်ကြေးနန်းစာများကို ၄င်းတို့ သတ်မှတ်ထားသော သင်္ကေတများ အရပေးပို့ ရိုက်ကြားခြင်းကို ခွင့်ပြုမည် ဖြစ်ပါသည်။

ကြေးနန်းစာ၏ လိပ်စာရှင် လိပ်စာမပြည့်စုံပါက ဆက်လက်ပေးပို့နိုင်မည် မဟုတ်သဖြင့် လိပ်စာရှင်ရှိသည့်မြို့သည် အနီးစပ်ဆုံး ကြေးနန်းရုံး တည်ရှိသည့်မြို့ ဖြစ်ရပါမည်။ ထို့အပြင် လိပ်စာသည် လမ်းဆုံးရုံး အမည်တူများ ရှိပါက သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်၊ မြို့နှင့် ယှဉ်တွဲဖော်ပြရပါမည်။ ဥပမာ- မင်းလှ(သရက်)၊ မင်းလှ (သာယာဝတီ)၊ ထန်းတပင်(မှော်ဘီ)၊ ထန်းတပင်(တောင်ငူ) စသည်ဖြင့် …
အောက်ဖော်ပြပါ အရေးအသားများ ပါရှိသည့် ကြေးနန်းစာများသည် ကန့်ကွက်ထိုက်သော ကြေးနန်းစာ (Objectionable Telegram) များ ဖြစ်သဖြင့် ဆက်လက် ပေးပို့မည် မဟုတ်ပါ။
• ပြည်သူလူထုထိတ်လန့်၊ တုန်လှုပ်ချောက်ချား စေမည့် အရေးအသားပါသောကြေးနန်းစာ၊
• နိုင်ငံတော်၏ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေမည့် အရေးအသားပါသော ကြေးနန်းစာ၊
• ဆဲရေးတိုင်းထွာ၊ ညစ်ညမ်းသည့် အရေးအသားပါသော ကြေးနန်းစာ၊
• တရားစီရင်မှုကို လွဲချော်တိမ်းပါး စေသည့် အရေးအသား ပါသော ကြေးနန်းစာ၊
• လိမ်လည်လှည့်ဖျားသည့် သဘောဖြင့် ကြိုတင်ကြံရွယ် ရေးသားရိုက်ကြားသော ကြေးနန်းစာများ ဖြစ်ပါသည်။