www.etelegram.net.mm Announcements | Download Fonts | Help | Contact | (0 - Kyats left) |Login  
     
 

သင်ဝယ်ယူထားသော Prepaid Card မှ
Username နှင့် Password ကို
ရိုက်ထည့်အသုံးပြုပါ

username
Password  

ကြေညာချက်များ

Page: 1
e-Telegram စနစ်နှင့်ပတ်သက်၍ စုံစမ်းမေးမြန်းခြင်းကိစ္စ။
e-Telegram စနစ်သုံးစွဲခြင်းနှင့်ပတ်သက်၍ သိရှိလိုသည်များ၊အခက်အခဲများ၊လိုအပ်ချက်များ၊အဆင်မပြေမှု များ ၊အကြံပြုချက်များစသည်တို့ကို Web Site ၏ Contact စာမျက်နှာ တွင် ဖြည့်စွက်စုံစမ်းမေးမြန်းနိုင်ပါသည်။ ထိုသို့ မေးမြန်းရာတွင် Zawgyi-One Myanmar Font ဖြင့် ရိုက်ကြားနိုင်အောင် ပြင်ဆင်ထားပြီးဖြစ် ပါသဖြင့် သိရှိ၊အကြံပြုလို သည်များ ကို ဖြည့်စွက်စုံစမ်းမေးမြန်းနိုင်ပါကြောင်းဖေါ်ပြပါ သည်။ Prepaid Card သုံးစွဲသူများသည် e-Telegram Administration Office ဖုန်းအမှတ် ၀၁-၃၇၂၁၈၀ သို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း ဖြည့်စွက်ဖေါ်ပြပါသည် ။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
More Detail 09-November-2012
e-Telegram Prepaid Card မှ ပေးပို့သောကြေးနန်းများ လမ်းဆုံးရုံးတွင်မြန်ဆန်စွာလက်ခံရရှိရန်ကိစ္စ (၁၃-၁၂-၂၀၁၁)
e-Telegram Prepaid Card ဝယ်ယူသုံးစွဲကြသော User များသည် ကြေးနန်းစာအသစ်ရိုက်ရန်ပုံစံ၏ စာကိုယ်(TEXT)များရိုက်ရာတွင် သတ်မှတ်ချက်နှင့်အညီ စာလုံးရေ (၅၀၀)ခန့်အထိ ရိုက်ကြားနိုင်သော်လည်း ပေးပို့သူ၏ အမည်နှင့် အလုပ်အကိုင် ဖြည့်စွက်ရန်အကွက်တွင်မူ စာလုံးရေကန့်သတ်ချက်ရှိပါသဖြင့် လိုရင်းတိုရှင်းသာ ရေးသားရိုက်ကြားပေးခြင်းဖြင့် လမ်းဆုံး ကြေးနန်းရုံးတွင် လျင်မြန်မှန်ကန်စွာ ကြေးနန်းပေးဝေနိုင်မည်ဖြစ်ပါကြောင်း အသိပေးပန်ကြားအပ်ပါသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
More Detail 13-December-2011
e-Telegram Prepaid Card မှ ပေးပို့သောကြေးနန်းများ ပုံစံတကျပေးဝေနိုင်ရန်ကိစ္စ
e-Telegram Prepaid Card ဝယ်ယူသုံးစွဲကြသော User များမှပေးပို့သည့်ကြေးနန်းစာများကို စာလုံးများရှင်းလင်းပေါ်လွင်စေရန်နှင့် စာကြောင်းများညီညာစေရန်ပြုပြင်ထားပါသဖြင့် မိမိပေးပို့မည့်ကြေးနန်းစာ အကြောင်းအရာ(TEXT)စာသားကို Space Bar key နှိပ်၍သာရိုက်ရန်လိုအပ်ပြီး၊ Enter Key သုံး၍ စာကြောင်း ဆင်းရန်မလိုအပ်ပါကြောင်းဖော်ပြအပ်ပါသည်။ ယင်းသို့ Enter Key သုံးစွဲလျက်ပေးပို့သောကြေးနန်းစာသည် လမ်းဆုံးရုံးတွင် Print ထုတ်သည့်အခါ စာကြောင်းများညီညာသပ်ရပ်မှုမရှိဖြစ်ပေါ်စေနိုင်ပါသဖြင့် ကြေးနန်းပါ အကြောင်းအရာ(TEXT)စာသားကို Space Bar key နှိပ်၍သာရိုက်ပါရန်မေတ္တာရပ်ခံအပ်ပါသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
More Detail 17-December-2010
e-Telegram Homepage ရှိ Contact Form စတင်အသုံးပြုနိုင်ခြင်း
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ e-Telegram နှင့်ပတ်သက်၍ အကြံပြုချက်များ၊မေးမြန်းစုံစမ်းလိုသည့် အချက်အလက်များကို Contact စာမျက်နှာရှိ Form တွင် ဖြည့်စွက်လျက် e-Telegram Admin ဌာန သို့ Mail များပေးပို့ စုံစမ်းနိုင်ပြီဖြစ်ပါသည်။ ပြန်ကြားစာပေးပို့ရန်အတွက် အီးမေးလ်လိပ်စာ (သို့မဟုတ်) e-Telegram Prepaid Card ID နံပါတ်တို့ကို ပြည့်စုံစွာ ဖြည့်စွက်ပေးပို့ပါရန် မေတ္တာရပ်ခံပါသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
More Detail 06-September-2010
e-Telegram Online User Prepaid card သုံးစွဲနည်းလမ်းညွှန်
Prepaid Card ဝယ်ယူသုံးစွဲသူသည်- - www.etelegram.net.mm website တွင် မိမိ ၀ယ်ယူထားသည့် Prepaid Card မှ User Name နှင့် Password ကိုရိုက်ထည့်၍ မည် သည့် နေရာ မည်သည့်အချိန် မဆို log in ၀င်ရောက် နိုင် ပါသည်။
More Detail 24-July-2010